ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ၁၄ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

လိပ်သိုမြို့တွင် ဆောင်းနှင်းဝေမူကြိုကျောင်းမှ ရင်သွေးငယ်များ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့အပ်နှင်းခြင်းအခမ်းအနား ပြုလုပ်

တောင်ငူကက်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ ကက်သလစ်သီလရှင်ကျောင်းတွင် ဖွင့်လှစ်ထားသော “ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး” ဆောင်းနှင်းဝေမူကြိုမှ ရင်သွေးငယ်လေးများ၏ ကျောင်းဆင်းပွဲနှင့် ဘွဲ့လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဖရန့်စစ်ဇေးဗီးယား သီလရှင်ကျောင်းခန်းမ၌ ပြုလုပ်ရာ Rev.Fr ဘုန်းတော်ကြီး ကျော်စိန်ဝင်း၏ အဖွင့်ဆုတောင်းခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။         

တောင်ငူမြို့၊ အ.ထ.က (၆) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အ.ထ.က(၆)သို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။

မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄)ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ) ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံအလွတ်တန်းအမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ)ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရွှေမုဋ္ဌောဘုရားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။     

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ဆောင်းပါး၊ ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ Theatre (M-306) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရသေ့ကြီးဦးခန္ဏီ အထိမ်းအမှတ် (၇၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲ ကျင်းပ

သာသနာ့ဟိတဓဇနာယက ရသေ့ကြီးဦးခန္ဏီ အထိမ်းအမှတ် (၇၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ယနေ့နံနက် ၆ နာရီက မန္တလေးတောင်ခြေရှိ အဘယာရာမ မိုးထိကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

တံတားမြို့ စင်မကော်ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ စင်မကော်ကျေးရွာနေပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က စင်မကော်ကျေးရွာအတွင်းရှိနေအိမ်များသို့ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပသော ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က တံတားမြို့ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပခုက္ကူ ဇန်နဝါရီ ၂၈ ခရိုင်(ပြန်/ဆက်)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နေကြာသီးနှံဖြည့်စွက်ဝတ်မှုန်ကူးပွဲနှင့်မတ်ပဲသီးနှံ ယူရီးယာ၊ လက်ချား ရောစပ်အသုံးပြုခြင်း လက်တွေ့ကွင်းပြပွဲတက်ရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရေဆင်းစပ်မျိုး- ၁ နေကြာသီးနှံ ဖြည့်စွက် ဝတ်မှုန်ကူးပွဲနှင့်မတ်ပဲသီးနှံ ယူရီးယာ၊ လက်ချားရောစပ်အသုံးပြုခြင်း လက်တွေ့ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
Subscribe to