ဘားအံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ ဇန်နဝါရီ ၃

ကရင်ပြည်နယ် မိခင်နှင့်က‌လေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ်ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအနေဖြင့် မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျေးလက်ဒေသအထိရောက်ရှိအောင် ဦးစားပေး ဆောင်ရွက်သွားရန်ရည်ရွယ်ပြီး ကရင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကလေးပြပွဲပြိုင်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ဘားအံခရိုင် ကျန်းမာရေးဌာနဦးစီးမှူးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ပွဲတွင် ဆုရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ၎င်းပြိုင်ပွဲ၌ဆုရရှိသည့်ကလေးငယ်များအား ဆုများဆက်လက်ပေးအပ်ချီးမြှင့်ကာ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် နာယကအဖွဲ့ဝင်များသက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရကလေးငယ်များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲပြိုင်ပွဲကို ကလေးအသက်မွေးစမှ(၆)လအထိ၊ (၆)လမှ(၁၂)လ၊ (၁၂)လမှ (၁၈)လ၊ (၁၈)လမှ(၂၄)လ၊ ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် အုပ်စု (၄) အုပ်စုခွဲ၍ယှဉ်ပြိုင်စေခဲ့ပြီး အမွှာဆုနှင့်လွတ်လပ်ရေးမောင်မယ်ဆုများ ထည့်သွင်းပေးအပ်ချီးမြှင့်ပြီး ဘားအံမြို့အတွင်းရှိ ကလေးငယ်ပေါင်း(၆၆)ဦး လာရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)