တောင်ငူမြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

တောင်ငူ ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ()နာရီအချိန်က ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက အခမ်းအနားအား ဘက်စုံပညာဆီ ဒို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး တောင်ငူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တောင်ငူမြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းက ပညာရေးစုံညီပွဲတော်နှင့်စပ်လျဥ်း၍ တင်ပြဆွေးနွေးသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသားကျောင်းသူဆု၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောဆုရရှိသည့် ကျောင်းများ၊ အာဆီယံအဆင့် ဘတ်စကက်ဘောပြိုင်ပွဲဆု၊ ဗဟိုအဆင့် (တတိယ) ဆို၊က၊ရေး၊တီး (ဂီတာ)ပြိုင်ပွဲဆု၊ National ICTဆု၊ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ​အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

ဇော်ကိုကို (​တောင်ငူ)