ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်လှစ်

ပြည် ဇန်နဝါရီ ၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေ ဝက်မြေတောအရန်မီးသတ်စခန်း၌ ယမန်နေ့က အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး  (မွမ်းမံ) သင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝက်ထီးကန်နယ်မြေရဲစခန်းမှူး၊ အရန်မီးသတ်တပ်ခွဲမှူး၊ ဒုတပ်ခွဲမှူးများ၊ တပ်စုမှူးများနှင့်တပ်ဖွဲ့ဝင်သင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး(ကိုယ်စား) ဝက်ထီးကန်နယ်မြေရဲစခန်းမှူးက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ယခုလ ၅ရက်မှ ၃၀ရက်နေ့အထိဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြိုတင်ကာကာကွယ်ရေးလုပ်ငန်းများအပါအဝင်  ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း‌ ဆောင်ရွက်မှုများကို သင်ကြားပို့ချမည်ဖြစ်ကာ  သင်တန်းသို့ ဝက်ထီးကန်နယ်မြေမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးတက်ရောက်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)