ကမမောင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မဲပေးခြင်းဆိုင်ရာမွမ်းမံသင်တန်း ဖွင့်လှစ်

ကမမောင်း ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌  ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကမမောင်းမြို့ပေါ်၊ ရပ်ကွက်/ကျေးရွာ/တပ်နယ် မဲရုံ (၉) ရုံတွင် မဲရုံမှူး၊ ဒုမဲရုဲမှူးနှင့် မဲရုံအဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ကြရမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများကိုမဲရုံအခင်းအကျင်းနှင့် မဲပေးခြင်ဆိုင်ရာ မွမ်းမံသင်တန်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကမမောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှေ့တန်းအမှတ် (၈) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ထိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖာပွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးမင်းက မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာ/ပညာရေးဝန်ထမ်းများမှ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဖာပွန်ခရိုင် ရွေးကောက်ပွဲအရာရှိ ဦးဝေဋ္ဌုအောင်နှင့်တာဝန်ရှိသူများက မဲရုံ အခင်းအကျင်းဆိုင်ရာများအားလည်းကောင်း၊ မဲရုံမှူး၊ ဒုမဲရုံးမှူး၊ မဲရုံအဖွဲ့ဝင်များ၏ တာဝန်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို လည်းကောင်း၊ မဲပေးစက်ကိုင်တွယ်အသုံးပြုပုံများကိုလည်းကောင်း သင်တန်းတက်ရောက်သူများနှင့် အပြန်အလှန်ဆွေးနွေးပို့ချပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို ဌာနဆိုင်ရာ/ ပညာရေးဝန်ထမ်း (၉၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကမမောင်း (ပြန်/ဆက်)