အမာမြို့၌ ဒို့အတူမဲပေးကြမည် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

အမာ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဒို့အတူမဲပေးကြမည် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက အမာမြို့ မြို့ပေါ်ရပ်ကွက်များအတွင်းနှင့် လူစည်ကားရာ လမ်းဆုံနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ဟူသော အချက်များပါရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများအား လက်ကမ်းစာစောင် စောင်ရေ(၁၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)