ပင်လုံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ပင်လုံ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံခန်းမ၌ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးနှင့်စီမံအရာရှိများ၊ မော်ကွန်းထိန်းများနှင့် မောင်မယ်သစ်လွင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များက ဝိဇ္ဇာ၊သိပ္ပံဘာသာရပ်များကိုလည်းကောင်း မော်ကွန်းထိန်း(သင်တန်းရေးရာ)က ကျောင်းသားရေးရာကိစ္စရပ်တို့ကိုလည်းကောင်း မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

​မြို့နယ်(ပြန်/ဆက်)