ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် မိုင်းဖြတ်မြို့နယ် မဲရုံများအတွက်   မဲပေးစက်များ ထုတ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်

မိုင်းဖြတ် ဇန်နဝါရီ ၈

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ မဲရုံများအတွက် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာမဲရုံတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ လာရောက်ထုတ်ယူ၍ သက်ဆိုင်ရာ မဲရုံအရောက် လိုက်ပါပို့ဆောင်လျက်ရှိသည်။

အဆိုပါ မဲပေးစက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ထုတ်ပေးခဲ့ကြသည်။ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာအုပ်စု (၂၄) အုပ်စု၊ မြို့​ပေါ်ရပ်ကွက် (၃) ရပ်ကွက်တွင် မဲရုံပေါင်း (၄၀) ရုံနှင့် မဲဆန္ဒရှင်ပြည်သူ (၂၁၇၃၆) ဦးတို့အတွက် မဲပေးစက် (၃၈၅) လုံးထုတ်ပေး၍ သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများနှင့်အတူ မဲရုံအရောက် လိုက်ပါပို့ဆောင်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)