လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ကာယစွမ်းရည်အားကစားပြိုင်ပွဲများကျင်းပ

သဲကုန်း ဇန်နဝါရီ ၈

ကျောင်းသား/ ကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး အားကစားကိုချစ်မြတ်နိုးတက်စေရန် ဗလငါးတန်တွင် တစ်ခုအပါအဝင်ဖြစ်သော ကာယဗလဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ယနေ့နံနက်ပိုင်းက ကာယစွမ်းရည်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်။

ထိုသို့ ကာယစွမ်းရည်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရာတွင် (ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ မီတာ ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲ) အစရှိသည့် ပြိုင်ပွဲများကို ကျောင်းသား/ ကျောင်းသူများက အနိုင်မခံ အရှုံးမပေးချစ်ခင်ရင်းနှီးပျော်ရွင်စွာ ယှဥ်ပြိုင်ကစားကြပြီး ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)