သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

သဲကုန်း ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်ထုတ်ယူရာတွင် မေ ၂၂ ရက်မှ ၃၁ ရက်အထိ သဲကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှအငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စုစုပေါင်းပင်စင်စား (၁၅၂၇)ဦးရှိကြောင်း  မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။ 

မြို့နယ်၊ပြန်/ဆက်