ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေးသိပ္ပံကျောင်း (မြောင်းမြ)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေဆုံ၊ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင်အသက် (၁၈) နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်ခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ လက်ခံလျက်ရှိကြောင်း သိရှိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ငကျွဲနားဋောင်းဘုရားရှိ စဉ့်စိမ်းရောင်အုတ်များကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေး လာရောက်သည့်အခါ ငကျွဲနားဋောင်းဘုရားရှိ စဉ့်စိမ်းရောင် အုတ်များကိုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲထံက သိရသည်။

ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ကံမမြို့နယ်၌ ၂၀၂၃-ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၃-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်မိုင်တိုင်အမှတ် ၁၆၁/၃ တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန် (VDP) ကျေးရွာများရွေးချယ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျေးရွာရွေးချယ် အတည်ပြုခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များက မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီးကျောင်းသို့ ထောက်ပံ့ပစ္စည်းလှူဒါန်းခြင်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သော  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတို့က ယမန်နေ့နံနက် (၉)နာရီ(၃၀)မိနစ်အချိန်တွင် ရသေတောင်မြို့ မြို့ပေါ်၌ လေဘေးခိုလှုံရာစခန်း ဖွင့်လှစ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းသို့ သွားရောက် ကြသည်။

မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်စတင်လက်ခံခြင်း ဆောင်ရွက်

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းယုမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စတင်၍ မိုင်းယုဒေသအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင် လက်ခံဆောင်ရွက်နေကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ လက်ခံဆောင်ရွက်လျက်ရှိသည်။
Subscribe to