မိုးနဲ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျေးရွာရွေးချယ် အတည်ပြုခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလက်စွဲပါ ဆောင်ရွက်ရန်အချက်များနှင့် အခြေခံရမည့်မူများ၊ စီမံကိန်းတွင် အကျုံးဝင်သောလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပထမဦးစားပေး ကျေးရွာအဖြစ် ကွန်နားကျေးရွာအုပ်စု ကွန်နားကျေးရွာ၊ ကုန်းလွန်းကျေးရွာအုပ်စု ဟွေဟေးကျေးရွာနှင့် နောင်လိုင်ကျေးရွာအုပ်စု နမ့်ကော်ကျေးရွာတို့ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ကျေးရွာအဖြစ် ရွေးချယ်တင်ပြရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများက အတည်ပြု ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)