ကံမ မေ ၂၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၃-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်မိုင်တိုင်အမှတ် ၁၆၁/၃ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးလှမျိုးနှင့် ဝန်ထမ်းများကြို့ပင်စခန်းမှူး ရဲအုပ်သန်းဇော်နိုင်နှင့် ဝန်ထမ်းများ၊ သစ်တောရဲ ဒုတပ်ကြပ်ခင်ဝင်းနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သာဇီကျေးရွာနှင့် ကြို့ပင်ကျေးရွာမှ ဒေသခံပြည်သူများပူးပေါင်းပါဝင်၍ ကျွန်း(၅၀)ပင်၊ ပျဉ်းကတိုး၊ (၁၅)ပင်၊ ပိတောက်(၁၅)ပင်၊ မယ်ဇလီ(၂၀)ပင် စုစုပေါင်းပျိုးပင်(၁၀၀)အား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန် ရာသီဥတုပြောင်းလဲမှုကိုလျော့ချစေရန် သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စုပေါင်းစိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)