မိုင်းယုမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်

မိုင်းယု မေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသည့် ဆောင်ပုဒ်အတိုင်း ၂၀၂-၂၀၂ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စတင်၍ မိုင်းယုဒေသအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင် လက်ခံဆောင်ရွက်နေကြကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ၌  ကျောင်းအပ်လက်ခံရာတွင် KG တန်းမှ Grade-5 ထိကို မေ ၂၆ ရက်နေ့ထိ သတ်မှတ်ထားပြီး Grade-6 မှ Grade – 12 အား မေ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ခွဲခြားအပ်နှံ၍ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြို့မရပ်ကွက်ရှိ ကျောင်းအပ်နှံသူ ဦးရေ ၂၈၉ ဦးရှိခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေ ၃၀၀ ကျော်ထိ ခန့်မှန်းထားပါကြောင်းနှင့် ကျောင်းအပ်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပဲ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းဆီလျှင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် စုံလင်စွာဖြင့် အခမဲ့ထုတ်ပေးလျက်ရှိပြီး ဇွန်လ ()ရက်နေ့၌ ကျောင်းများ စတင်ဖွင့်လှစ်ကာ ပညာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းယုဒေသတွင် ၂၀၂-၂၀၂ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ်ကြသည့် ကျောင်းများတွင် အထက်တန်းကျောင်း ()ကျောင်း၊ အလယ်တန်းကျောင်းခွဲ ()ကျောင်း၊ မူလတန်း(လွန်)ကျောင်း ()ကျောင်း၊ မူလတန်းကျောင်း ()ကျောင်းရှိပြီး  စုစုပေါင်းကျောင်း ()ကျောင်းရှိကြောင်း သိရသည်။

ကိုကိုနိုင်