မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်စတင်လက်ခံခြင်း ဆောင်ရွက်

မြို့သစ် မေ ၂၃

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေး လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် မေလ(၂၃) ရက်နေ့မှစတင်၍ မေလ(၃၁)ရက်နေ့အထိ ကျောင်းသား/သူများအား ကျောင်းအပ်နှံနိုင်ရေးလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား/သူများ ကျောင်းအပ်နှံရာတွင် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ကျောင်း သုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့အား နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)