တပ်ကုန်း မေ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ လက်ခံဆောင်ရွက်လျက်ရှိသည်။
တပ်ကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၁၆၅)ကျောင်းတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့်အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ နိုင်ငံတော်မှ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် ဗလာစာအုပ်များ၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်တွင် အထက်တန်းကျောင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁၆)ကျောင်း၊ အလယ်တန်းကျောင်း(၁၆)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ)(၁၈)ကျောင်း၊ မူလတန်း (လွန်)(၄၄)ကျောင်း၊ မူလတန်းကျောင်း(၅၃)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၄)ကျောင်း၊ စုစု ပေါင်း(၁၆၅)ကျောင်းတို့တွင် မေ ၂၃ ရက်နေ့မှ ၃၁ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဇွန်လ ၁ ရက်နေ့မှ စတင်၍ အခြေခံ ပညာကျောင်း အားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်