ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Club အဖွဲ့ဝင်များပူးပေါင်း၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်ကို စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်အတွဲ(၅၀) အမှတ်(၁) စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရသေ့တောင် မြို့နယ်၌(မိုခါ)မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အပျက်အစီးများ စွန့်ပစ်အမှိုက်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော အလွန်ပြင်းအားကြီးသော (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့၌ ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၉၈ ရာနှုန်းထိခိုက်ပျက်စီးခဲ့သဖြင့် အမှိုက်သရိုက်များအား နေ့စဥ်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာ

မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင် (၂၅၀၀) ကျော် စုဆောင်းထားရှိကာ ကော်ဖီစိုက် အကျိုးဆောင် တောင်သူများအား ယနေ့နံနက် ၈ နာရီအချိန်က ကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တုံတာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်စတင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဟူသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းကစတင်၍ တုံတာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံဆောင်ရွက်နေကြကြောင်း သိရသည်။

ကံမမြို့နယ် အခြေခံပညာကျောင်းများ၌  စတင် ကျောင်းအပ်လက်ခံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေရွယ်ကလေးများအားလုံး ပညာ သင်ခွင့်ရရှိရေးအတွက် မေလ ၂၃ရက်နေ့မှစပြီး ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွဘ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်နေ့မှ မေခလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရှိသဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှ စတင်၍ ကျောင်းအပ်ခံနေကြောင်း သိရသည်။

ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးဖြစ်ပွားသည့်ဒေသများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သွပ်များထောက်ပံ့

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရဟိုင်ကူးတို့ကျေးရွာရှိ စာသင်ကျောင်းတွင် အမိုးများပျက်စီးခဲ့သဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက သွပ်(၁၅၉)ချပ်နှင့် သွပ်သံ(၇)ပိဿာနှင့် ၅၀ကျပ်သားကို ယနေ့ညနေ ၄ နာရီအချိန်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သွားရောက်ပေးအပ်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

သီပေါမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to