ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Club အဖွဲ့ဝင်များပူးပေါင်း၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်ကို စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ မေ ၂၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်အတွဲ(၅၀) အမှတ်(၁) စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာပေဗဟုသုတတိုးပွားရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့်  မြို့နယ် Woman Club အဖွဲ့ဝင် ဒေါ်သင်းသင်းအေးက စာရေးဆရာ ညီညီဖေရေးသားသည့် သတ္တိရှိရန်လိုပါသည် ဆောင်းပါးပါအလုပ်တစ်ခုကို ဦးဆောင်လုပ်ကိုင်မည့်သူ၌ သတ္တိရှိရန်လိုအပ်ကြောင်း၊ ကြီးမားသောကုမ္ဗဏီတစ်ခုဖြစ်စေ၊ အလတ်စား၊ အသေးစားအရွယ်ဖြစ်စေ၊ ဈေးဆိုင်ငယ်ဖြစ်စေ မည်သည့်လုပ်ငန်းတွင်မဆို သတ္တိရှိသော ဦးဆောင်သူလိုအပ်ကြောင်းနှင့်သတ္တိရှိခြင်းသည် မိုက်ရူးရဲဆန်ခြင်းတို့၏ ခြားနားချက်ကို သတိပြုရမည်ဖြစ်ကြောင်းနှင့် ဦးဆောင်သူတို့သည် ပြဿနာများကို ရဲဝံ့စွာရင်ဆိုင်ဖြေရှင်းနိုင်သည့် သတ္တိရှိရမည်ဖြစ်ကြောင်း၊   မြို့နယ် Youth Club အဖွဲ့ဝင် ဒေါ်သန္တာအောင်  က စာရေးဆရာ ဖြူနှင်းခင်ရေးသားသည့် အဖြူရောင်ကြယ်များသို့ ဆောင်းပါးပါလူငယ်ဆိုသည်မှာ အနာဂတ်ကိုပုံဖော်ထုဆစ်ကြမည့်သူများဖြစ်၍ မိမိ၏စိတ်ခံစားမှုကို  လိုသလိုထိန်းညှိ တတ်ရမည်ဖြစ်ကြောင်း၊စိတ်ကူးယဉ်အိပ်မက်ကို အခြေတည်၍လက်တွေ့အိပ်မက်ကိုအကောင်အထည် ဖော်နိုင်ရမည်ဖြစ်ကြောင်း၊ သို့မှသာ လူငယ်ထု၏အားဖြင့် ကောင်းမွန်သောအနာဂတ်ဖြစ်တည်လာမည်ဖြစ်ကာ အနာဂတ်ကောင်းမှသာ တိုင်ပြည်နိုင်ငံကောင်းမည်ဖြစ်ကြောင်း  ထုတ်နှုတ်ဖတ်ကြား ဆွေးနွေး၍ကျန်ရှိသည့်အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်တွင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ အချိုးကျကိုယ်စားပြုစနစ်အရ မဲလက်မှတ်နမူနာနှင့် တွက်ချက်ပုံနည်းလမ်းများ၊ စိတ်ကြွရူးသွပ်ဆေးပြားများ၏အန္တရာယ်နှင့် လူငယ်ရေးရာစသည့် ဗဟုသုတရရှိဖွယ်ရာအကြောင်းအရာများကို ရေးသားဖော်ပြထားပြီး တက်ရောက်လာကြသော Club အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် ငဖဲမြို့နယ်ရုံးအနေဖြင့် Club အဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပုံမှန်စာဖတ်ဝိုင်းများနှင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)