ကံမ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၈ နာရီမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံခြင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိဖြစ်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံစေရေးအတွက် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်ပါ အသိပညာပေးဆိုင်းဘုတ်များအား အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ စိုက်ထူပေးခဲ့ကြောင်း မြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း (၁၂၈)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)