သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်

သံတောင်ကြီး မေ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေရွယ်ကလေးများအားလုံး ပညာ သင်ခွင့်ရရှိရေးအတွက် မေလ ၂၃ရက်နေ့မှစပြီး ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင်  ကျောင်းအပ်နှံခြင်းလုပ်ငန်းများ အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံလက်ခံခြင်းကို အသက် (၅) နှစ်အရွယ်ကလေးများ KG တွင်အပ်နှံ၍ (၆) နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေများ ပေးသွင်းရန်မလိုဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ (၃၁) (၁) ရက်နေ့ အထိ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးသွားမည့်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့မှစတင်ကာ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေး၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များကအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ