ကွမ်းခြံကုန်းမြို့နယ်၊ ဆေးဆိုင်များ၊ မျက်မှန်ဆိုင်များတွင် မျက်စိဆေးများ၊ မျက်ကပ်မှန်များနှင့် အရည်အသွေးနှိမ့် မျက်မှန်များ၊ ရောင်းချမှုရှိ/ မရှိ စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ မျက်မှန်ဆိုင်များအား ယမန်နေ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အသိအမှတ်ပြု ကုန်အညွှန်းမပါသည့် မျက်စိဆေးများ၊ အရည်အသွေးနှိမ့်မျက်မှန်များအား ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဆေးဆိုင်များ၊မျက်မှန်ဆိုင်များတွင် ရောင်းချမှု/ ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။