ကွမ်းခြံကုန်းမြို့နယ်၊   ဆေးဆိုင်များ၊ မျက်မှန်ဆိုင်များတွင် မျက်စိဆေးများ၊ မျက်ကပ်မှန်များနှင့် အရည်အသွေးနှိမ့်  မျက်မှန်များ၊ ရောင်းချမှုရှိ/ မရှိ  စစ်ဆေး

ကွမ်းခြံကုန်း မေ၂၃

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊  မျက်မှန်ဆိုင်များအား ယမန်နေ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အသိအမှတ်ပြု ကုန်အညွှန်းမပါသည့် မျက်စိဆေးများ၊ အရည်အသွေးနှိမ့်မျက်မှန်များအား ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဆေးဆိုင်များ၊မျက်မှန်ဆိုင်များတွင် ရောင်းချမှု/ ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများကို ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) အသိအမှတ်ပြု ကုန်အညွှန်းမပါရှိသည့် ဆေးဝါးများ၊ မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်၊ မျက်မှန်များအပါအဝင်၊ မျက်စိဆေးများရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)