ပင်လောင်း မေ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်ခြင်းအား စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောင်းအပ်နှံမှုလာရောက် ဆောင်ရွက်သည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ် လက်ခံပေးကြကြောင်းနှင့် KG တန်းမှ Grade-12 ထိကျောင်းသား၊ ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းအပ်နှံသည့်အခါ ကျောင်းသား/ကျောင်းသူ မိဘများထံမှ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိသည့်အပြင် ကျောင်းဝတ်စုံ၊ ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များ ထောက်ပံ့ပေးခြင်းကိုလည်း အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)