ကမမောင်း မေ ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ ကမမောင်းမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်လက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါစင်၊ ခဲတံ(၄)ချောင်း၊ ကျောင်းဝတ်စုံ(၁)စုံနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်(၁)စုံ၊ ကျောင်းသုံးဗလာစာအုပ်(၁)ဒါစင်၊ ခဲတံ(၂)ချောင်းကို အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)