သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(MIIT)မှ ဆရာ/ဆရာမများနှင့် တွေ့ဆုံ

ချမ်းမြသာစည် မေ ၂၄

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၇x၁၀၉ လမ်းကြားရှိ မြန်မာ့သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(MIIT)တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဆရာ/ဆရာမများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အမှာစကားပြောကြားပြီး‌နောက် တက်ရောက်လာသော ဆရာ/ဆရာမများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့‌နောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အောက်ရှိတက္ကသိုလ်၊ ကောလိပ်၊ ဆရာအတတ်သင်ကောလိပ်၊ စက်မှုလက်မှုအထက်တန်းကျောင်းများမှ ပါမောက္ခချုပ်/ဒု-ပါမောက္ခချုပ်/ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်စိမ်း၀င်း (မြို့နယ်ပြန်/ဆက်)