ပြည်ကြီးမဏ္ဍိုင် မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံများသည် တောင်ယာနှင့် ဥယျာဉ်ခြံလုပ်ငန်းများကို လုပ်ကိုင်ကြသည့်အပြင် ရာသီပေါ်သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြရာ ဂွေးချိုသီးများ ဈေးကောင်းရ၍ နေ့စဉ်ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
ဂွေးချိုသီးအပင်အား အိမ်ဘေးပတ်ဝန်ကျင်ရှိ မြေလွတ်နေရာများတွင် စိုက်ပျိုးထားပြီး ဂွေးချိုသီးအပင် ငယ်တစ်ပင်လျှင် (၅၀၀၀) ကျပ်ဖြင့်ဝယ်ယူရရှိရာ စိုက်ပျိုးရာတွင်ရေခံမြေခံကောင်း သောနေရာများတွင် စိုက်ပျိုးရကြောင်း၊ ရေကိုလုံလောက်စွာပေးရကြောင်း၊ ဂွေးချိုသီးပင်သည် ရာသီမရွေးမသီးသီးသဖြင့် ဂွေးချိုသီး အလုံးအရွယ်အစားပေါ်မူတည်၍ (၅၀)ကျပ်မှ (၁၀၀)ကျပ်အထိ ဈေးရရှိပြီး အိမ်သို့လာရောက်ဝယ်ယူကြောင်း ဂွေးချို သီးပင်စိုက်ပျိုးသူထံမှသိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)