ကရသူရိ ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ဇန်နဝါရီလ ၁၃ ရက်က အခြေခံပညာအထက်တန်းကျောင်း၌ ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
အားလပ်သည့်အချိန်များတွင် မိမိဝါသနာထုံရာ စာအုပ်/စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေးနှင့် အသိပညာကြွယ်ဝရေး၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအား ကျောင်းသား၊ ကျောင်းသူများသိရှိနိုင်ရေး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ သုတ/ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ဝတ္ထု၊ ရုပ်ပြ၊ ကာတွန်းနှင့်အထွေထွေဗဟုသုတစာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)