ရမည်းသင်း ဇွန် ၉
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းများ ထုတ်ပြန်ခြင်းကို ဇွန် ၉ ရက် နံနက် ၄ နာရီက ရမည်းသင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ရွာတန်းအထက၊ သိမ်ကုန်းအထက၊ မြို့လှအထကနှင့် ရွှေဒါးအထကကျောင်းများ၌ အသီးသီးထုတ်ပြန်ထားကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၄)၊ အခြေခံပညာ အထက် တန်းကျောင်းခွဲ (၁၃) နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၅) ကျောင်း ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်စာရင်းရှိ (၉၇၆ )ဦး၊ ဖြေဆိုပေါင်း (၉၁၆) ဖြေဆိုခဲ့ရာ အောင်မြင်သူ (၆၉၀) ဦးရှိပြီး (၇၅.၃၃) ရာခိုင်နှုန်းအောင်မြင်ပြီး (၆) ဘာသာ ဂုဏ်ထူးတစ်ဦး၊ (၅) ဘာသာဂုဏ်ထူးတစ်ဦး၊ လေးဘာသာ (၁၁) ဦး၊ သုံးဘာသာ (၄၅)၊ နှစ်ဘာသာ (၇၀) ဦးနှင့် တစ်ဘာသာဂုဏ်ထူး (၁၄၅) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
ဇော်ဝင်းအောင်