သာစည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ၆၈ ဒသမ ၄၂ ရာခိုင်နှုန်းရှိ
သာစည် ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ယနေ့နံနက်ပိုင်းက နိုင်ငံတစ်ဝန်းထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၄၂ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနသုံးခုဖြင့်ဖြေဆိုသူ ၇၂၂ ဦးရှိရာ အောင်မြင်သူ ၄၉၄ ဦးဖြစ်ပြီး ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၉ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၉၃ ဦးနှင့်ရိုးရိုးအောင်မြင်သူ ၂၃၁ ဦးတို့ဖြစ်ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို သာစည်မြို့နယ် စာစစ်ဌာနသုံးခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ ထုတ်ပြန်ကြေညာပေးထားကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်