လက်ပံတန်းမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

လက်ပံတန်း ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားအားယမန်နေ့ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရ​သည်။

၂၀၂၃ ခုနှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သောဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲတွင် လက်ပံတန်းမြို့နယ်စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုယှဥ်ပြိုင်ကြသည့် မူလတန်း၊ အလယ်တန်း၊ အလွတ်တန်း ကျောင်းသားကျောင်းသူများထဲမှ ဗုဒ္ဓဝံသသုတဒီပလိုမာဘွဲ့ရရှိပြီး မြန်မာနိုင်ငံလုံး ဒုတိယဆုရရှိသော မအေးအေးမိုးနှင့် (၁၅)ဦး၊ အလယ်တန်းအဆင့် အထူးအောင် (၉)ဦးနှင့် ရိုးရိုးအောင် (၁၈)ဦး၊ မူလတန်းဆင့်အထူးအောင် (၁)ဦးနှင့် ရိုးရိုးအောင် ၃၃ ဦးတို့အား သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့နာယကဆရာတော်နှင့် ဆရာတော်များကဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုဆုချီးမြှင့်ပွဲအတွက်လှူဒါန်းခဲ့ကြသော အလှူရှင်များကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်းကြောင်းသိရသည်။

မြို့နယ်( ပြန်/ ဆက်)