ပုသိမ် ဇွန် ၁၉
ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ “အက်ဆစ်မိုးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းက အသိပညာပေး Talk Show ပြုလုပ်ရ သည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝေဇင်က အက်ဆစ်မိုးဖြစ်ပေါ်လာပုံ၊ သာမန်မိုးရေနှင့် အက်စစ်မိုးကွာခြားချက်၊ အက်ဆစ်မိုးကြောင့် လူသားနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ၊ အက်ဆစ် မိုးရွာသွန်းမှုကို လျော့ပါးစေသည့် နည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်ဟန်