ဒေးဒရဲ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးနှင့် ဖျာပုံခရိုင်အတွင်းမှ ဒေသထွက်ကုန်များနှင့် သားငါးများ အခြားတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်မှု ရှိစေရေးအတွက် စစ်ဆေးကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်၍ ဒေးဒရဲတံတားဂိတ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ ဒေသထွက်ကုန်များနှင့် ကြက်ဥ၊ ဘဲဥ၊ သားငါးများစသည့် ကုန်ပစ္စည်းများ အခြားတိုင်းဒေသကြီးသို့ ကုန်စည်စီးဆင်းမှု မှန်ကန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း