ကျွန်းလှမြို့နယ်၌ မိုးရာသီစိုက်ပျိုးရန်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ကျွန်းလှ ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌ရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးရန် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပျိုးပင်များဖြန့်ဝေပေးရာတွင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား နှစ်ပေအထက်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန်အတွက် ကျွန်း၊ ပိတောက်၊ ယူကလစ်၊ တမာ၊ ရေတမာ၊ မယ်ဇလီ၊ ပျဉ်းကတိုး၊ စွယ်တော်၊ ခရေ စုစုပေါင်းပျိုးပင် ၃၀၀၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)