ပျော်ဘွယ် ဇွန် ၂၀
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်နေသည့် ကျောင်းတွင်းအခမ်းအနားများ၌ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်စေရန် ဝတ်စားဆင်ယဉ်မှု၊ စကားအပြောအဆို၊ သတိထားရမည့်အချက်များ၊ လိုက်နာရမည့်စည်းမျဉ်းများ စသည့် အကြောင်းအရာများကို ရှင်းလင်းပို့ချသည်။
မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည့် အခမ်းအနားမှူးသင်တန်းကို (၂)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အခမ်းအနားမှူးပြုလုပ်ရန် စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူ(၃၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)