မင်္ဂလာဒုံ ဇွန်၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲဒေသ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ၀န်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဌာနဆိုင်ရာများအား စိုက်ပျိုးမည့် ပျိုးပင်များအား ဝေငှပေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်ဇနီးက မဟော်ဂနီပင်အားလည်းကောင်း၊ ဒုတိယတိုင်းမှူးက မဟောဂနီပင်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများကမဟောဂနီပင်၊ ကျွန်းပင်နှင့် ပျဉ်းကတိုးပင်များကို စိုက်ပျိုးပေးကြသည်။
အလားတူတိုင်းဒေသကြီးဌာနဆိုင်ရာများက ပျိုးပင်များ စိုက်ပျိုးနေရာ ဝန်ကြီးချုပ်နှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးဌာနဆိုင်ရာများ စိုက်ပျိုးခဲ့သည့်မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်၌ ရတနာတန်းဝင်ပင်ဖြစ်သည့် မဟော်ဂနီပင် (၂၂၀၀၀) ပင်၊ ကျွန်း(၂၅၀၀)၊ပျဉ်းကတိုး (၂၅၀၀)ပင် စုစုပေါင်း(၂၇၀၀၀)ပင် တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)