သီပေါမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပျဉ်းမထုံး ကျေးရွာအုပ်စု၌ သရုပ်ပြလက်တွေ့စိုက်ပျိုးခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ ၂၀၂၃ ခုနှစ် သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာပေး အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ် သွေးလွန်တုတ်ကွေးဆိုင်ရာ အသိပညာပေး အစည်းအဝေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ ဒေသထွက်ပန်းထိမ်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိပြီး ယခင်နှစ်များထက် ဈေးကောင်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြရာ ယခုအခါ တွင်ပင်းတယမြို့ အနီးအနားကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးထားသည့် ဒေသထွက်ပန်းထိမ်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိနေပြီး ယခင်နှစ်များထက် ပိုမိုဈေးကောင်း ရရှိနေကြောင်း သိရသည်။

မန်ကန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မန်ကန်မြို့နယ်၊ မန်ပန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ပင်လုံမြို့မြို့မစျေးတွင်ကိုဗစ်ကာကွယ်ဆေး Sinopharm (Booster) ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မြို့မစျေးတွင် ယနေ့နံနက် (၉:၃၀) အချိန်က ပင်လုံမြို့မြို့မစျေးရှိ စျေးရောင်းချသူ စျေးသူ/စျေးသားများအား ကိုဗစ်ကာကွယ်ဆေး Sinopharm (Booster)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့နယ်၌ မြို့မရဲစခန်းတွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မရဲစခန်း တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to