သဲကုန်းဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် CAHW အဖွဲ့များနှင့်ပူးပေါင်း၍ တိရစ္ဆာန်အစာ (နေဗီယာမြက်) စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကသဲကုန်းမြို့နယ်၊ ဘွတ္တောအုပ်စု၊ ကျားတက်ကျေးရွာရှိ တောင်သူတစ်ဦး၏ စိုက်ပျိုးမြေ(၁)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရုပ်ပြသ စိုက်ပျိုးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများနှင့် CAHW အဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများ တက်ရောက် စိုက်ပျိုးခဲ့ကြသည်။
မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိရစ္ဆာန်အစားအစာ (နေဗီယာမြက်) စိုက်ပျိုးခြင်းဖြင့် အစာစျေးနူန်းသက်သာစေရန်၊ တိရစ္ဆာန်များ အစာအာဟာရပိုမိုဖွံ့ဖြိုးစေရန်စိုက်၊ လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့် ဆောင်ရွက်နိုင်ပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ် ကျွေးမွေးနိုင်ရန်နှင့် ပြည်တွင်းကျွဲနွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရေး ရည်ရွယ်ကြောင်း မြို့နယ်အတွင်းရှိ ကျွဲနွား၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ရည်ရွယ်၍ (နေဗီယာမြက်) စိုက်ပျိုးပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ပြန်/ ဆက်)