ဖျာပုံမြို့၌ ခရိုင်ဒေသတွင်း (MSMEs) ထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲ ကျင်းပ

ဖျာပုံ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန် (MSMEs) အထူးစျေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမရှေ့၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ဖျာပုံခရိုင်ဒေသတွင်း (MSMEs) ထုတ်ကုန်များ ကုန်စည်ပြပွဲ အခမ်းအနားအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးနိုင်လင်း၊ ခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးကြိုင်၊ ဦးဇော်နိုင်အေးနှင့် ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး)မြို့နယ်ရှိ (MSMEs) ထုတ်ကုန်များ၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ရေထွက်ကုန်ပစ္စည်းများနှင့် အသိပညာပေးပြခန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ (MSMEs) ထုတ်ကုန်ပြခန်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (MSMEs) ထုတ်ကုန်များပြခန်း၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ သစ်သီးဝလံ ပန်းမန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အသိပညာပေး ပြခန်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မွေးမြူရေးထုတ်ကုန်များ အသိပညာပေး ပြခန်းနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးထုတ်ကုန်များနှင့် အသိပညာပေး ပြခန်းတို့ ပြသထားမှုတို့အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ ခရိုင်ဒေသတွင်း (MSMEs)ထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို (၂၂-၆-၂၀၂၃)မှ (၂၆-၆-၂၀၂၃ )အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)