နမ္မတူမြို့နယ် ပညာလင်္ကာရပရိယတ္တိသီလရှင်စာသင်တိုက်၌ ဒုတိယအကြိမ် ပရိယတ္တိအခြေခံ အာဂုံစာပြန်ပွဲ ကျင်းပပြုလုပ်

နမ္မတူ ဇွန် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၈)ရှိ ပညာလင်္ကာရ ပရိယတ္တိသီလရှင်စာသင်တိုက်၌ ဒုတိယအကြိမ် ပရိယတ္တိအခြေခံ အာဂုံစာပြန်ပွဲကို ယမန်နေ့ နံနက် (၈)နာရီအချိန်က အဆိုပါစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် ပရိယတ္တိအခြေခံ အာဂုံစာပြန်ပွဲ၌ ပထမအဆင့်တွင် သာသနာ့နွယ်ဝင် သီလရှင် ၄ပါး၊ ဒုတိယအဆင့်တွင် သာသနာ့နွယ်ဝင် သီလရှင် ၆ပါး၊ တတိယအဆင့်တွင် သာသနာ့နွယ်ဝင်သီလရှင် ၄ပါး၊ စတုတ္ထအဆင့်တွင် သာသနာ့နွယ်ဝင် သီလရှင် ၇ပါး၊ စုစုပေါင်း သာသနာ့နွယ်ဝင် သီလရှင် ၂၁ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)