နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက် ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉  နာရီချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်၀ပြီး ဘ၀ရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ်များ ယဉ်ကျေးလိမ္မာမှ  အနာဂတ်မြန်မာနိုင်ငံသာယာလှပ တင့်တယ်နေမည်ာဖြစ်ပါကြောင်း၊ ယဉ်ကျေးလိမ္မာခြင်းသည် လူမှုဆက်ဆံရေးတံခါးမကြီးကို ဖွင့်သော အဓိက သော့တစ်ချောင်းဖြစ်သောကြောင့် ယဉ်ကျေးလိမ္မာပြီး  အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ကျောင်းစာသင်ယူနေသောအချိန် ကျောင်းသားလူငယ်အရွယ်များ ဆရာမိဘတို့၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကာ ယဉ်ကျေးမှု၏တန်ဖိုးကို သိရှိ၍ ယဉ်ကျေးသိမ့်မွေ့ပြီး တန်ဖိုးရှိသော လူငယ်တွေဖြစ်စေရန် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ကြစေလိုကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်သား/ သူစုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား/သူများက ပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်ဓာတ်ပုံများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မူမူစန်း