ချီဖွေမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ချီဖွေ ဇွန် ၂၃

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊  အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထက်၊ လယ်၊ မှုအဆင့် စာစီစာကုံးပြိုင်ပွဲ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာ အထက်တန်းကျောင်း(ချီဖွေ)မှ ကျောင်းအုပ်ဆရာမကြီးက စာစီစာကုံး ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အ-ထ-က ချီဖွေကျောင်းမှ အထက်တန်းအဆင့်တွင် မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ဖျက်ကြ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် မူးယစ်ဆေးရန်တို့ တွန်းလံကြိုးစားတိုက်ဖျက် နိုင်ငံအတွက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် မူးယစ်ကင်းစင်တို့ ပြည်တခွင် သာယာလှပ လူမှုဘဝခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား/သူ (၃၅)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။

ယော်ကိ(ပြန်/ဆက်)