ခရမ်းမြို့နယ်၌ ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများ ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်စောဝင်းနှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

တာမွေမြို့နယ်အတွင်းရှိ လျာထားမဲရုံ နေရာများအား ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက် ပေးနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်း မဲရုံအဖြစ် ဆောင်ရွက်မည့် လျာထားမဲရုံနေရာများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မြစ်သားမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် Installation ပြုလုပ်ခြင်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ကျောက်ဆည်ခရိုင် နည်းပညာ အထောက်အကူပြုအဖွဲ့မှ နည်းပြဆရာများက မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက် Installation ပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြစ်သားမြို့ အနော်ရထာခန်းမ၌ သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က သာယာကုန်းကျောင်း၌ ပြုလုပ်သည်။

အောင်လံမြို့နယ် ပန်းမတကျေးရွာ၌ အဆင့်မြင့်ထွန် (Power Harrow) ဖြင့် ထွန်ယက်ခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပန်းမတကျေးရွာ၌ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အဆင့်မြင့်ထွန် (Power Harrow)ဖြင့် ထွန်ယက်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်သူ ဦးကျော်ဦး၊ ဦးပိုင်အမှတ်(၈၄)၊ ကွင်းအမှတ် (၇၆/က)၌ ကျင်းပသည်။

လှိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ ကုလားကုန်းတန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ (၁၅) ရက်နေ့ မွန်းလွဲ (၁)နာရီက ကုလားကုန်းတန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပုသိမ်ကြီးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသည်။

ဒဂုံမြို့နယ်တွင် စံပြမဲရုံ ခင်းကျင်းပြသမှုသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စံပြမဲရုံ ၂ ခင်းကျင်းပြသမှုသရုပ်ပြခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များအား Installation တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွေးကောက်ပွဲအပိုင်း ၃ ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်များအား Installation တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to