နမ္မတူမြို့နယ် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်က အစုအပေါ်အမြတ်ငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ရောင်နီအထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အဆိုပါအသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းများ နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြစိမ်းရောင်(နို့စားနွား) မွေးမြူရေးအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သုံးသည့် အလေ့အကျင့် ဖြစ်ပေါ်လာစေရန်အတွက် နွားနို့တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာအောင်သင်း ရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးရေး ရက်သတ္တပတ် ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဟာရပြည့်ဝသော  တိရစ္ဆာန်အစာပင် စိုက်ပျိုး၍ မွေးမြူသည့်စနစ် ကျင့်သုံးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်ကို ယမန်နေ့က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် တောင်သူဦးတင်လှ၏ အသားတိုးဝက်မွေးမြူရေးခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ MSMEs ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပို့ကုန်ရရှိစေရန် ရည်ရွယ်၍ MSME များ အားပေးမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် ကရင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ MSMEs ထုတ်ကုန်ပြပွဲနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ရေနံချောင်းမြို့နယ်၌ စားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံ မြေပဲနှင့် နှမ်းဧက ၇၀၀၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီဖူလုံ ပိုလျှံစေရန် ရည်ရွယ်၍ ယခုနှစ်မိုးရာသီတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့် နှမ်းဧက ၇၀၀၀၀ ကျော်ကို လျာထား စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်က အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲဆုပေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ နှင့် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲဆု​ပေးပွဲကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ညနေ (၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်ရှိ မြို့မစျေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to