သရက်ချောင်းမြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးရေး ရက်သတ္တပတ် ပြုလုပ်

သရက်ချောင်း  ဇွန် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဟာရပြည့်ဝသော  တိရစ္ဆာန်အစာပင် စိုက်ပျိုး၍ မွေးမြူသည့်စနစ် ကျင့်သုံးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်ကို ယမန်နေ့က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် တောင်သူဦးတင်လှ၏ အသားတိုးဝက်မွေးမြူရေးခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်အစာပင်စိုက်ပျိုးရာတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လမင်းကိုကိုနှင့် ဝန်ထမ်းများ၊ တောင်သူဦးတင်လှနှင့် မွေးမြူရေးအလုပ်သမားများက မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးရေး ရက်သတ္တပတ်အဖြစ် နေပီယာမြက်မျိုး (၀.၁)ဧက စိုက်ပျိုးပျိုးထောင်ပေးခဲ့ပြီးနောက် တောင်သူများအား နေပီယာမြက် (၁)ဧက စိုက်ပျိုးမှုကုန်ကျစရိတ်နှင့် အကျိုးအမြတ် ရရှိမှုတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)