လောက်ကိုင်မြို့နယ်တွင် (Biometric) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ လောက်ကိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်လွင်၊ ဒု-လဝကမှူး ဦးမင်းကျော်ကိုနှင့် ဝန်ထမ်းများက (Biographic) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကိုးကန့်ဒေသဖွံ့ဖြိုးရေး အသင်းရုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တံတားမြို့၊ (၄)ရပ်ကွက်အတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့် အခြခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှကင်းဝေးစေရန် ရည်ရွယ်၍ လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

အင်္ဂပူမြို့ မြို့မဈေး၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် အဟာရပြည့်ဝ‌သော အစားအစာများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၇ နာရီအချိန်ခန့်က အခွန်လွတ်‌ဈေးနှင့်မြို့မဈေး‌တို့၌ ရောင်းချပေးခဲ့သည်။

ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ Biometric အချက်အလက်များကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်နှင့် ဝန်ထမ်းများက စတင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။

သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ် (RS) စပါးစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက် စိုက်ခင်း၌ ပျိုးထောင်ထားသော (RS) စပါးပျိုးပင်များအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ကြသည်။

မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

မူးယစ်ဆေးဝါးအန္တရာယ်၊ လူမှောင်ခိုလူကုန်ကူးမှုနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်နူတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စစ်တွေမြို့၌ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်သည့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ၊ သီလရှင်များအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လမ်းသစ်ရပ်ကွက် သုဓမ္မာပရိယတ္တိ သီလရှင်စာသင်တိုက်၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်ကြသည်။
Subscribe to