ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ဆိပ်ဖြူ ဇွန် ၂၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများအသီးသီး၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က) နဝရတ်ခန်းမ၌ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့က ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ KG အတန်းမှ GRADE – 12 အထိ ကျောင်းသား/ ကျောင်းသူ ၁၇၅၀ ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်အတွက် ဆေးထိုးစုရပ် (၄)ခုဖြင့် စီမံဆောင်ရွက်ထားရှိပြီး ထိုးနှံပေးမည့် ကာကွယ်ဆေးအမျိုးအစားမှာ ဆိုင်နိုဖမ်းအမျိုးအစားဖြစ်ကြောင်း၊ ပထမအကြိမ်ကာကွယ်ဆေးကို KG အတန်းများမှ ကျောင်းသား/ကျောင်းသူများအတွက် ၁၃၂ လုံး၊ GRADE -1 မှ GRADE – 12 အထိ ကျောင်းသား/ကျောင်းသူများအတွက် ၄၈ လုံး နှင့် GRADE -1 မှ GRADE – 12 အထိ အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများ ထပ်ဆောင်းစတုတ္ထအကြိမ်အတွက် ၁၇၀ လုံး စုစုပေါင်းဆေးအလုံးအရေအတွက် (၃၅၀) လုံးဖြင့် ဆေးထိုးစုရပ်အသီးသီး၌ ကျောင်းသား/ ကျောင်းသူ ၁၇၅၀ ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြား၍ သိရှိရသည်။

ကိုဇွဲ(အညာမြေ)