ပုသိမ် ဇွန် ၂၇
ပုသိမ်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ရပ်ရွာအခြေပြု ငှက်ပျောပင်ဖြင့် ပြုလုပ်သည့် လက်မှုသင်တန်း (၆/၂၀၂၃-၂၄)ကို (၁၇-၆-၂၀၂၃) မှ (၂၆-၆-၂၀၂၃) ထိ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့ညနေပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦစီးမှူးဒေါ်မြမာလာစိုးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ပုသိမ်မြို့နယ်ရှိ ကျေးလက်ဒေသများမှ လက်မှုပညာရပ်ကို စိတ်ဝင်စားသည့် အမျိုးသား/အမျိုးသမီးများအနေဖြင့် အသက်မွေးဝမ်းကြောင်းပညာရပ်များ တတ်မြောက်ခြင်းဖြင့် မိသားစုစီးပွားရေးများ ဝင်ငွေတိုးတက်လာစေရန်ရည်ရွယ်၍ ယခုလိုငှက်ပျောပင်မှ ရရှိသည့်ပင်စည်မှ လျှော်များထုတ်ယူကာ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ခြင်းကို သင်ကြားပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများအား တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးနှင့် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လဲ့လဲ့ထွန်းတို့က ဆုများအသီးသီး ပေးအပ်ခဲ့သည်။ ထို့နောက်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ပုသိမ်မြို့နယ်အတွင်းရှိ ရွာသစ်ကုန်းကျေးရွာ၊ သံပတ်ကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာများမှ သင်တန်းသား/သူများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်/ဆက်)