ရွှေဘို ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်( ၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၁၀) နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများမှ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ကာကွယ်ဆေးမထိုးနှံမှီ ကိုယ်အပူချိန်တိုင်းတာခြင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အနေထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ပထမအကြိမ်(၁၄၀)ဦး၊ ဒုတိယအကြိမ်(၂၅၃)ဦး၊ စုစုပေါင်း(၃၉၃)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် မိဘများ၏ သဘောတူညီမှုနှင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)