ညောင်တုန်းမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ညောင်တုန်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာ၊ ကွင်းအမှတ်(၃၈၂)၊ ဦးပိုင်အမှတ်(၁၅၄/၁)ရှိ တောင်သူ ဦး‌ကျင်လှိုင်နှင့် တောင်သူ (၆)ဦးတို့၏ လယ်မြေ(၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စိုးက အဖွင့်အမှာစကားပြောကြား၍ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ တိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက် ကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားပြီး တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)