နောင်ချို ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ Unit Plan ကျေးရွာများသို့ တောင်သူပညာပေးကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင် ဦးဆောင်သော ဝန်ထမ်းများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေး လုပ်သားများက Unit Plan ကျေးရွာများဖြစ်သည့် ကုန်းစံကျေးရွာအုပ်စု၊ လုံရုံးကျေးရွာအုပ်စု၊ မျက်ချီးနုကျေးရွာအုပ်စု၊ ညန်တောကျေးရွာအုပ်စု၊ ကံကြီးကျေးရွာအုပ်စု၊ ရွှေမုဌောကျေးရွာအုပ်စု၊ မဲပုတ်ကျေး ရွာအုပ်စု၊ နောင်တောကျေးရွာအုပ်စုရှိ ကျေးရွာများသို့ ကွင်းဆင်း၍ တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ စီးပွားဖြစ် မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ ကောင်ရေစာရင်း ကောက်ယူခြင်း၊ ကျေးလက်နေ တောင်သူများ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေး ဟောပြောခြင်းများကို ဇွန်လ ၁၂ရက်မှ ဇွန်လ ၁၈ရက်နေ့ထိ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ပြန်/ဆက်